About Us

Our History

Minami KankooCo.,ltd(MKK Car Rental Service/Swan HtetKyaw Car Rental Serviceနှင့် MKKRealestate) သည်အစိုးရဝန်ကြီးဌာနများလက်အောက်ရှိသက်ဆိုင်ရာဌာနများ၏လမ်းညွှန်မှုများအတိုင်းလိုက်နာဆောင်ရွက်ပြီးမှန်ကန်တိကျသောနည်းလမ်းဖြင့်သာအောင်မြင်တိုးတက်အောင်ဆောင်ရွက်လျက်ရှိသောကုမ္ပဏီဖြစ်ပါသည်။ပိုင်ဆိုင်မှုအဆင့်ဆင့်ကိုသတ်မှတ်အခွန်နှုန်းထားများ၊သင့်တင့်သောဝန်ဆောင်ခ၊အကျိုးဆောင်ခများဖြင့်လူကြီးမင်းတို့၏အခက်အခဲများကိုစိတ်ကျေနပ်မှုအပြည့်အ၀ရရှိစေရန်အလေးထားဆောင်ရွက်ပေးသည့်ဦးဆောင်ကုမ္ပဏီအဖြစ်ခိုင်မာစွာရပ်တည်လျက်ရှိပါသည်။

ရုံးများဖွင့်လှစ်ထားသောနေရာများ                                                                                             

    Minami KankooCo.,ltd (MKK Car Rental Service)သည်နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်၊သပြေကုန်းဈေးအနီးပွဲရုံတန်းအမှတ်(ပ-၁၉၄)တွင်ကုမ္ပဏီရုံးချုပ်အဖြစ်ထားရှိပြီး၊

အမှတ် (၂၀၂၈၆)၊ချယ်ရီလမ်း၊ပုပ္ဗသီရိမြို့နယ်တွင်ကုမ္ပဏီရုံးခွဲအမှတ် (၂)ကိုလည်းကောင်း၊

ပျဉ်းမနားမြို့နယ်၊ရာဇဌာနီလမ်းမပေါ်နှင့်ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်တွင်ရုံးခွဲများဖွင့်လှစ်ထားရှိပါသည်။ကုမ္ပဏီသည်လူကြီးမင်းတို့၏အခက်အခဲဆိုင်ရာလိုအပ်မှုများကိုအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်သောအကျိုးဆောင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

Offering Perfect Services

Our Mission & Vision

Vision

မိမိတို့၏ကုမ္ပဏီသည်နောင်လာမည့်နှစ်များတွင်တစ်နိုင်လုံး၌ရုံးခွဲများဖွင့်လှစ်နိုင်ရမည်ဖြစ်ပြီးလူကြီးမင်းတို့၏အခက်အခဲများကိုစိတ်ကျေနပ်မှုအပြည့်ဖြင့်ဝန်ဆောင်မှုပေးနိုင်သောဦးဆောင်ကုမ္ပဏီအဖြစ်ရပ်တည်နေပါမည်။

Vision

မိမိအကျိုးစီးပွားဖြစ်ထွန်းရန်သာမကြည့်ဘဲလူကြီးမင်းတို့၏အခက်အခဲများစိတ်ကျေနပ်မှုအပြည့်ဖြစ်ရန်သာအဓိကဦးစားပေးဖြစ်ပါသည်။

Core Value

ကုမ္ပဏီမှာ(၂)မျိုးရှိကောင်းတဲ့ကုမ္ပဏီနဲ့ကြီးကျယ်မြင့်မြတ်သောကုမ္ပဏီ၊ကောင်းတာကဝင်ငွေတိုးတက်မှုရှိနေပြီးအမြတ်အစွန်းများရတဲ့ကုမ္ပဏီပါကြီးကျယ်မြင့်မြတ်သောကုမ္ပဏီကငွေကြေးတစ်ခုတည်းတင်မဟုတ်ဝန်ထမ်းတွေရဲ့ဘဝနဲ့ကုမ္ပဏီယဉ်ကျေးမှုတွေပါပါဝင်ပါသည်။ကုမ္ပဏီရဲ့တန်ဖိုးကိုသတ်မှတ်ရန်ဝန်ထမ်းအားလုံးရဲ့အဆိုပြုချက်ကိုကြည့်၍လုပ်ချင်တဲ့အချက်တွေကိုကုမ္ပဏီ၏ Core value အဖြစ်သတ်မှတ်ရန်၊အထက်အောက်ယုံကြည်လေးစားမှုခေါင်းဆောင်တွေကလည်းငယ်သားနဲ့အလုပ်လုပ်ပြီးယုံကြည်မှုယူရန်ဝန်ထမ်းတွေကိုခေါင်းဆောင်ပုံစံအုပ်ချုပ်ကာခိုင်းလို့လုပ်တာမဟုတ်ဘူးကိုယ်တိုင်ကလုပ်ချင်လို့လုပ်တာမျိုးဖြစ်အောင်အုပ်ချုပ်ပါ။

တည်ထောင်သူ

အမည် –  ဦးမင်းမင်း

 

  • ၂၀၀၄  ခု နှစ်က   ရုက္ခ ဗေဒ  ဘာသာ ရပ် ၊ ဂျပန်ဘာ သာ  YFL .  Business Law  YGN .  ပြီးခဲ့ ပါသည်။

 

  • ၂၀၀၇  ခုနှစ် မှာ ဂျပန်သို့  သွားရောက် ခဲ့  ပြီး Auto printing Design ကို  အဓိက ထား သင်ယူလေ့ လာ ခဲ့ ကာ ၂၀၁၀ မှာ မြန်မာ ပြည်သို့  ပြန် ရောက် ခဲ့ပါသည်

 

  • ၂၀၁၀  ၈လပိုင်း မှာ  ကားအငှား လုပ်ငန်းကို စတင်ထူထောင် လုပ်ကိုင် ခဲ့ ပြီး   ၂၀၁၁ ခု နှစ်   မြေ အရောင်းအ၀ယ် ပြု လုပ် ခဲ့  ပါသည်

 

  • ခြံ မြေ တွေ မှာ  Investment   လုပ် ရင်း ၊  ၂၀၁၇ ခု နှစ် တွင်   အိမ်ခြံ မြေ   အကျိုးဆောင်  လုပ် ငန်း ကို တစိုက် မတ်မတ်  လုပ် ကိုင် ခဲ့ပါ သည်..။

 

  • ယခု လက် ရှိ နေပြည်တော် နှင့်  ရန်ကုန် တွင်   ကားအငှား လုပ် ငန်း ကို  လုပ် ကိုင် နေပါသည်

 

အောင်မြင်ရေးသုတ

ကျွန်တော်ဂျပန် က နေ ၂၀၁၀ ခုနှစ်မှာ မြန်မာပြည် သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ် ။

 

ရောက်လျှင် ရောက်ခြင်း နေပြည်တော်သို့ ခြေဆန့်ခဲ့ပါသည် ။ ၂၀၀၅ ခုနှုစ် ဝန်ထမ်း ဘဝ တာဝန်ကျချိန်က တစ်ခေါက် ရောက်ဖူးခဲ့ပါတယ် ။ ၂၀၁၀ မှာ ဒုတိယ အကြိမ်ပေါ့ ။ အဲဒီ အချိန်က နေပြည်တော်သည် သွားလာရေး အလွန်ပင် ခက်ခဲ ပြီး ဆက်သွယ် ရေး ယခုကဲ့ သို့ မကောင်းသေးပေ။

 

မြို့ အခြေနေကို ကြည်လိုက်တော့ ဆက်သွယ် သွားလာရေး လိုနေတယ် ဆိုတာ ရိပ်မိတဲ့ အတွက် ဖုံး ဆိုင် ထောင်ပါတယ် ။ တစ်ခါ ပြော ၂၀၀ နဲ့ ပေါ့ ။ဖုံးဆိုင်နှင့် အတူ ဘေးမှာ ရေခဲ ပုံး ချပြီး ရောင်းတယ်။ ၁၀ လ ဝန်းကျင်လောက် ကြာသွားတယ် ။

 

နောက် တော့ လိုနေတဲ့ သွားလာရေးအတွက် အဆင်ပြေရန့်  ပါလာတဲ့ ငွေ နဲ့ ၂၀၁၀ ၊ ၈ လပိုင်းလောက်မှာ လိုက်ထရပ် တစ်စီး ဝယ်ကာ သယ်ယူပို့ဆောင်ရေး အတွက် ကိုယ်တိုင်မောင်း ပြီး ကားအငှား လုပ်ငန်း စတင် လုပ်ကိုင်ပါတော့ တယ် ။

 

၂ လလောက် ကြာ တဲ့ အထိ ပိုက်ဆံ တပြားမှ မရပါ ။ပိုက်ဆံ မရတော့ တိုင်ပတ်တော့တာပါ ပဲ ငွေကြေးက အဆင်မပြေဘဲ ကိုးးးးးး ။ ဒီလိုနဲ့ တစ်နေ့ မှာ အော်ဒါတစ်ခု ရပါတယ် ခရေ ကိုပို့ရပါတယ်။ ပို့ပြီး တော့ မပြန် တတ်ဘူး ။ ဂိတ်ကိုပြန် တာ မိုးလင်း မှ ပြန်ရောက်တယ် ဗျာ ။ ခုချိန် ပြန်တွေးကြည့် တော့ ဟာသ တစ်ခုပေါ့ ဗျာ ။

 

ကိုင်း တိုတို ပြောရရင် ၃ လ မြောက်သော နေကစ လို့ လုပ်ငန်းတွေ အစဉ်ပြေ လာတယ် ။ ၁၂ လပိုင်း လောက်မှာ နောက် ကားတစ် စီး ထပ်ဝယ်နိုင်တယ် ။မြတ်လို့ မဟုတ်ဘူး ယောက္ခမ အိမ်ရောင်းပြီး ဝယ်လိုက်တယ် ။

 

ကားအငှား လုပ်ငန်း ဟာ ဝင်ငွေ ကောင်းခဲ့ တယ် ၊ အခြေအနေ ကောင်းလာခဲ့တယ်ပေါ့ ဗျာ။တော် တော် ကြိုးစား ရုန်းကန် ခဲ့ ရ တယ် ။

အသက် ၃၅ နှစ်မှာ ကိုယ်ပိုင် ကုမ္ပဏီ ထောင်ပြီး ရပ်တည်နိုင်လာခဲ့တယ်။ လုပ်ငန်း ၅ ခု ကို အလျင်းသင့်သလို့ လုပ်ကိုင် နိုင်ခဲ့ တယ်။

 

ဒါကို ဘေးက ကြည့်ကြ မြင်ကြ တဲ့ သူတွေက ကားအငှားလုပ်ငန်းမှာ ကျနော် အောင်မြင် တော့ သူတို့ တစ်တွေ လည်း ကားဝယ် ပြီး လိုက်လုပ်ကြတယ် မဆိုးပါဘူး သူတို့တစ်တွေလည်း အသင့်တင့် အောင်မြင်ကြပါတယ်။နောက်တော့ ကျနော့်ကို တိုက်ခိုက်လာကြ တယ် အခုထိပေါ့ ။ လုပ်ငန်းက တူနေတယ် လေ ၊ ကျနော့်ကို မနာလိုကြဘူးပေါ့ ။ ကျနော် နောက်တစ် လှမ်းကို လှမ်းနေတာ သူတို့တစ်တွေ မသိကြဘူး လေ ။ မနာလို ဝန်တို စိတ်က များ နေကြတာ ကိုးးးး။

 

ဒီလို နဲ့ လုပ်ငန်းတွေ ကိုယ်စီမကောင်းကြတဲ့ အလှည့် သို့ ဖုတ်သွင်း ရထား စတင်ဆိုက်ရောက်လာတော့ တယ် ။ 

 

ကျနော်ကတော့ တစ်နေ့ မှာ ဒီလို့ အဖြစ်မျိုး ကြုံတွေ့ လာနိုင်မယ်ဆိုတာ ကို ကြိုတင်တွက်ကိန်း ချပြီး ၊ Plan A ကို အဝေး က ထိန်းကာ နောက် ထပ် ဒုတိယ အလုပ် B ကို စတင် ခြေဦး တည် ပြီး ရင်းနှီး မြှုပ်နှံ ပါတော့ တယ်။ အဲဒီမှာ ကျနော် တော်တော် ထူထူ ထောင်ထောင် ဖြစ်လာတယ် ။ လူလူသူသူ ဖြစ်လာတယ် ။ အဲလို အောင်မြင်မှု ဟာ ဂျပန် က ဆရာသမားရဲ့ ကောင်းမှု ကြောင့်ပါ ။ ကျနော် ယနေ့ အထိ ဆရာသမား၏ အကြံ ပေးချက် အတိုင်း မမှားအောင် လုပ်ကိုင်ဆောင်ရွက်ပါတယ် ။ ဆရာမား နဲ့ ယနေ့ အထိ သြဝါဒ ခံယူ လုပ်ကိုင် ပါတယ် ။ တစ်ချို့က ကျနော် B ကိုရောက်မှ သူ တို့က A ကို စတင် လုပ်ကိုင်ကြတယ် ။ ဒုတိယ အလုပ် B မှာ ကျနော် ကြက်ကန်း ဆန်းအိုးတိုးတယ် ပြောမလားပဲ ထိထိမိမိ အရင်းအနှီး ရလာခဲ့တယ် ။

 

ဒါနဲ့  မပြီးသေး ဘူး တတိယ အလုပ် C ကို ဆက်သွားတယ် အဲဒီ မှာ ဇေယျာကြီး ရဲ့ ကောင်းမှု ကြောင့် ပိုမို လူသိများကာ နယ်ပယ် ကျယ်ပြန် လာခဲ့ တယ် ။ ကိုကြီးကျော်ကို ကျေး ဇူးတင်ပါတယ် ။ အဲမှာ လဲ တစ်ချို့ ကျနော် C စတင်ချိန်မှာ သူတို့က A. မှာ စလုပ် ကာ ချာလပတ် ရမ်းနေကြတယ်လေ ၊ လုပ်ငန်းတူက များ ၊ ဆီဈေးက နတ်ပြည့် အပေါ် တံခါးဝ နား ရောက် ။ငုတ်တုပ် မေ့နေသူက များ တော့ ကိုယ်စီကိုယ်စီ ကားတွေ ပြန်ရောင်း ၊ ငှားထားတဲ့ သူကလည်းပြန်အပ် ။ Plan C ကို ရောက် နေချိန်မှာ တစ်ချို့ က A ကိုစတင် လုပ်ကိုင်ကြရတော့ အခြေနေကို ကြည့်  ဘယ်လိုမှ အဆင်မပြေနိုင်ဘူး လေ ။ ဆီဈေး ဒေါ်လာ ဈေး ဘယ်လိုမှ မကိုက်နိုင်ပါဘူး။

 

ကဲ အဲဒီမှာ ပြောချင်တာ စောစောက ကားလုပ်ငန်း အပြိုင် လိုက်လုပ်တဲ့ သူတွေက ဘာမှ ကြိုတင်ပြင်ဆင်ထားခြင်း မရှိခဲ့ ဘဲ ယနေ့ ယက်ကန်ယက်ကန်ဖြစ်ကာ အိမ်ငှားဘဝနဲ့ သံသရာ လည်နေကြပါတော့တယ် ။တစ်ချို့မြို့ ပါ ပြောင်းကြ ရတော့တယ် ။ 

 

အဆုံးမှာတော့ သူတို့ တွေ ထဲ က တစ်ဝက် နီး ပါးသည် အလုပ်အကိုင်အဆင်မပြေဖြစ်ကြ ပြီး ကားအမြန်ရောင်းမည် ဆိုသော ကြော် ငြာ ကို လိုင်းပေါ်တင်ကာ ရောင်းလိုက်ကြရပေတော့ သည်။ အဲလို အဆင်မပြေချိန် ကျ မှ နောက်အလုပ် အသစ် ဆိုတာ ကလည်း စမ်းတဝါး ဝါး ဖြစ်နေကြမည် ၊ အရှုံး ပေါ်ကြ မည် ကို ကြောက် ပြီး ဘာမှ မလုပ်ကိုင်ရဲဘဲ ရှိ တာ ထိုင်ရောင်း ကာ ဂိမ်းဘော ဆိုက်ကြလေတော့ သည် ။ ကိုင်း ခုတော့ ကား အမြန် ရောင်းရမှ သူတို့ အတွက် အဆင်ပြေ ကြမည်ဖြစ်သည် ။

 

ညီလေးနဲ့ ညီမလေး တို့ က စီးပွားရေး စတင်လုပ်ကိုင်တော့မယ် ဆိုရင် အသေချာ စီစဉ်ဆောင်ရွက်ကာ သူများတွေ ကို မတိုက်ခိုက်ဘဲ တီထွင်ကြံဆ လုပ်ကိုင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ် ။ ABC ကို လက်ကိုင်ထားပါ ။ A. B. C. ကို လက် ကိုင် ထား ခိုင်းတယ် လို့ မှာတဲ့ အတွက် A. B. C ဘီယာချည်း သောက်မနေနဲ့ ။

 

အဲလို မှ မလုပ်ရင် အထက်ကပြောခဲ့ သလို ကားအမြန် ရောင်းရန် ရှိပါ သည် ဆိုတဲ့ ဆိုင်းဘုတ် မင်းတို့ ကိုယ်တိုင် ရေးပြီး တင်ရလိမ့် မယ် နော် ညီလေး ညီမလေး ရေ ။

 

ကျနော့် ကို နောက်တန်းကနေပြီး လိုအပ်တဲ့ ငွေကြေး ထောက်ပံ့ ပေးတဲ့ ဆရာသမားနဲ့ ၊ အကြံဉာဏ်ကောင်းတွေ ပေးတဲ့ ဆရာ သမား၊ နောက်ပြီး ဌာနဆိုင်ရာတွေ မှာ ယနေ့ အထိ ကျန်ခဲ့တဲ့ ဆရာ သမားတွေ ၊ မိတ်ကောင်းဆွေကောင်း ဇေယျာ အိမ်ခြံ မြေ မှ MD ဦးနန္ဒကျော် ကို ကျေးဇူး အထူး တင်ပါတယ် အစဉ် ဦးညွှတ် လေးစားလျှက်ပါ ။

 

စီးပွားရေး ကို လွတ်လပ် စွာ လုပ်ကိုင်ခွင့် ပေးတဲ့ ချစ်ဇနီးကို လည်း ကျေး ဇူးတင်ပါတယ် ။

 

Plan A B C 

 

Plan A ပထမ အပိုင်းမှာ ကျနော် ဟာ ကားငှားလုပ် ငန်းကို လုပ်ကိုင်ခဲ့ ပါတယ်.။အဲလို လုပ်ကိုင် ခဲ့ တဲ့နေရာ မှာ ၁ က နာမည် တစ်မျိုး နဲ့ ဈေးကွက်မှာ နေရာ ယူအောင်မြင်ထားပြီး ဖြစ် ပါတယ်..။ ၂ ကတော့ နောက် ထပ် နာမည် နှစ်ခု နဲ့ ဈေး ကွက် ကို ထပ်မံ ၀င်ရောက် လုပ်ကိုင်ခဲ့ တယ်.. လုပ်ငန်းနာမည် မတူသော် လည်း ကုမ္ပဏီ က အတူတူ ဖြစ် နေတာ ကို တစ်ချို့ က သတိမထားမိကြပါဘူး..။ ဒါ ဟာ တစ်ဘက်က တိုက်ခိုက်လာ တဲ့ လုပ်ငန်းတူ ယှဉ်ပြိုင်ဘက် ကို ကျနော် က မျက်စိ လှည့် လိုက်တာ ပါ ပဲ ။ အမှန်တကယ်က ကျနော် ဟာ A မှာ မအောင်မြင်တာ မဟုတ်ပါ ။ အရင်က လည်း အောင်မြင်ခဲ့ တယ် အခု လည်း အောင်မြင်နေစဲပါ ။ အရင်လို မူလအစကလို မဟုတ် သော်လည်း လုပ်ငန်းတွေ က ပုံမှန် လည်ပတ် လျှက် ရှိပါတယ်..။ အရောင် ပြ လိုက် တဖက် က လှည့် လိုက် ပေါ့ ။ ဒါ က နာမည် တစ်ခု ကျရှုံး ရင် နောက် နာမည် ဟာ ချက်ခြင်း လုပ်ကိုင်နိုင်ရန် ပေါ့ ..။ ဒါ ပေမယ့် ပထမ နာမည် ကျ မသွားဖို့က အရေးကြီးပါတယ်.။

 

Plan B ဆိုတာ က တော့ A က ရတဲ့ ငွေ ကို ၃ ပုံ ပုံပြီး ၁ပုံက အရင်း ၊ ၁ပုံး အရံ ၊ ကျန် ၁ပုံက B အတွက် ဖြစ်လာ နိုင်မည့် ငွေကြေးခိုင်မှု ရှိတဲ့ အလုပ်ကို ရွှေးချယ် လုပ်ကိုင် ခဲ့ ပါတော့ တယ်.. ။၂၀၁၂- ၂၀၁၃ ခုနှစ်မှာ မြန်မာ နိုင်ငံ၏ ငွေကြေး သည် ယနေ့ ပေါက် ဈေးထက် ခိုင်မာ မှု ရှိခဲ့ ပါတယ်.. ။ကျနော် သည် ထိုအချိန် မှ စ နောင်တွင် ဖြစ်ပေါ် လာနိုင်သည့် ငွေကြေး ဖေါင်းပွ မှု ကို ကြို တင်တွက်ဆ လုပ်ကိုင်ခဲ့ ပြီး လက်ထဲ တွင် ကျပ်ငွေ အနည်းငယ်သာကိုင်ပြီး ကျန်ငွေ များကို တော့ ငွေ ကြေးခိုင်မှာ မှု ရှိသည့် .. အခြားအရာတွေ ကို တစိုက်မတ်မတ် လုပ်ကိုင်ပါတော့တယ်. ။

 

ဘာလို့ အဲလို လုပ်ရတာလည်း ဆိုရင် ယနေ့ မြန်မာနိုင်၏ စီးပွားရေး မူဝါဒ သည် တိကျခိုင်မာ စွာ အာမခံပေးနိုင်သော စီးပွားရေး မူဝါဒ ကောင်းကောင်း မရှိခြင်းကြောင့် ဖြစ်ပါသည်..။ ထို့ အပြင် လာမည့် ၂၀၁၉ ၂၀၂၀ နှစ်များတွင်လည်း ငွေကြေးဖေါင်းပွ မှု သည် ဆက်လက် ဖြစ်ပေါ် လာနိုင်ပါတယ်..။အကြောင်းအရင်းက တော့ .. နိုင်ငံ တစ်နိုင်ငံ ၏ ငွေကြေး ဖေါင်းပွ မှုသည် .. ထိုနိုင်ငံ ၏ ဘဏ်အချိုးအစား ပြုပြင် ပြောင်းလဲ ခြင်းနှင့် ငွေကြေး အသစ်ထပ်မံ ထွက်ရှိတို့ နှင့် တိုက်ရိုက် သက်ဆိုင်မှု ရှိလို့ ပါပဲ..။ ဒါ ကြောင့် ကျနော် ဟာ PLAN B အတွက်တော့ ငွေကြေး ခိုင်မာ မှု ရှိတာတွေ ကို လုပ် ထားပါတယ်..။

 

Plan C က တော့ B က ရတဲ့ အကျိုးအမြတ်တွေ ရဲ့ တ၀က် တိ တိ ကို အိမ်ခြံ မြေမှာ နေ၇ာကောင်း အချက်အချာ ကျတဲ့ နေရာ တွေ မှာ ရင်းနှီးမြှုပ်နှံ ခဲ့ ပါတယ်..။ B AND C မှာ တော့ ငွေကြေး ရင်းနှီးပုံးချင်း မတူ ဘူးနော်..။ ဒီနေရာ မှာ တစ်ခု ပြော ချင်တာ က အိမ်ခြံ မြေဟာ . ခေတ်မှရှိတော့ ပါဘူး လို့ .. စောဒက တက်ချင် တက် ကြ မှာ ပါ။ အဲဒါ မှား ပါတယ်.. ။ အိမ်ခြံ မြေ တွေ ဟာ ကျနော်တို့ လူသားတွေ သက်ရှိထင်ရှား နဲ့ ရှိနေတဲ့ အချိန်မှာ ဘယ်တော့ ဘယ်တော့ မှ .. ရိုးမသွားပါ ၊ တိမ်ကော မသွားပါ ။ လူသားတွေ သည် နေ့ စဉ်ပေါက်ဖွားနေပြီး မြေကွက်တွေ သည် နှစ်စဉ်နေရာ ကျဉ်းးမြောင်း လာနေသည်ကို မိတ်ဆွေသတိပြု မိမှာ ပါ ။ ဒါကြောင်း အကျိုးအမြတ် ရှိနိုင်ပြီး အမြန်ဆုံး ငွေ ပေါ်နိုင်သော နေ၇ာတွေ ကို ကျနော် ၀ယ်ယူေ၇ာင်းချ လုပ်ကိုင်ပါတယ်..။ ဒါဟာ C ပါပဲ ..။ ဘာပဲ လုပ် လုပ် အခြေအနေ အချိန်အခါ နဲ့ နေရာ ပေါ် မှာ အဓိက မူတည် ပါတည် ပါတယ်..။

 

လုပ်ငန်း စတင်လုပ်ကိုင်ကြမည့် သူတွေ အတွက် ကတော့ – တတ်သိ နားလည်သူ ထံ မှာပထမ အကြံဥာဏ်များ တောင်းယူ သင့် ပါတယ်. ။ အဲလို မေးတဲ့ အခါ မှာ တော့ တတ်သိ နားလည်သူကိုသာ မေး ပါ ။ လမ်း မသိလို့ လမ်းမေးပါတယ် ဆိုမှ မသိတဲ့ သူကို မေးမိရင် လမ်းက ဆက် မှာ နေအုံး မှာ အသေ ချာ ပါ . ဒါ ကြောင့် လမ်းသိသူကိုသာ လမ်းမေးပါ လို့ အကြုံ့ပု ချင်ပါတယ်..။

 

မိမိ ရဲ ဘ၀ ကို စတင် လျှောက် လှမ်းကြတဲ့ နေ ၇ာ မှာ .. ကံမွဲ ချင် မွဲ ပါစေ ၊ PLAN မဆွဲဘဲ လုပ်မိတဲ့ စီးပွားရေး တော့ ဘယ်တော့ မှ မလုပ်နဲ့ ကံမွဲ တာ ထက် ပိုဆိုးမယ် မှတ် ။ ဒါ ကြောင့် မိမိ ရဲ့ ဘ၀ ကို ကံနဲ့ မဖြတ်သန်းပါနဲ့ PLAN နဲ့ ဖြတ်သန်း လုပ်ကိုင်ကြ ပါလို့ .. ဆန္ဒပြု လိုက် ပါတယ် ဗျာ..။..။

 

အမှားပါခဲ့ လျှင်လည်း အဖွဲ့ ၀င်များ အားလုံး အား လုံး ကို အနူးညွတ် တောင်းပန်ပါတယ်. လိုအပ်ချက်တွေ ရှိနေ ရင် ကျနော် ၏ လေ့ လာ သင်ယူမှု အားနည်း ချက်ကြောင့် သာ ဖြစ် ပါတယ် လို့ ရိုးသား စွာ ၀န်ခံ ပါ တယ်..။ မည်သူ တစ်ဦး တစ်ယောက် ကို မှ ထိခိုက် နစ်နာ လို စိတ် မရှိပါ ။

 

 

အားလုံး ကျန်းမာ ချမ်း သာပြီး အောင်မြင် တိုးတက် သော စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ် ကြ ပါ စေ..။

 

MKK Business Group