Realeastate Services

  • MKK ရဲ့မိတ်ဆွေထဲမှာအိမ်နှင့်ခြံကိုကိုယ့်စိတ်ကြိုက်အလှဆင်ပြီးနေချင်/ရောင်းချင်သူများရှိပါသလား? မိတ်ေ ဆွတို့အတွက်အခွင့်ရေးလေးရှိနေပါသည်။

 

  • စိတ်ဝင်းစားပါက MKK သို့ ဆက်သွယ်လိုက်ပါခင်ဗျာ။

 

  • မိတ်ဆွေတို့၏ အိမ်ခြံမြေများကို အမြန်ဆုံး ရောင်းဝယ်လိုလျှင် MKK သို့ ဆက်သွယ်လိုက်ပါ။

 

  • အခြား နေပြည်တော် မြို့နယ်စုံရှိ အိမ်ခြံမြေများကို လေ့လာကြည့်ရှုလိုလျှင် MKK အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီသို့ လာရောက် ကြည့်ရှုနိုင်ပါသည်။ ပိုင်ဆိုင်မှုခိုင်မာစေရန် နှင့် ဈေးနှုန်းမှန်ကန်စေရန် တာဝန်ယူပါသည်။

 

 

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း

          ၂၀၁၂ခုနှစ်တွင်လူတို့၏နေထိုင်ရေးနှင့်ပတ်သက်၍အိမ်၊ခြံ၊မြေရောင်း၊ဝယ်၊ငှားလုပ်ငန်းများကိုအဆင်ပြေစိတ်ချမှုအပြည့်အဝရရှိနိုင်စေရန်အာမခံချက်အပြည့်အဝပေးနိုင်သည့်အိမ်၊ခြံ၊မြေအကျိုးဆောင်လုပ်ငန်းအားမိမိကိုယ်တိုင်ဝယ်/ရောင်းစနစ်ဖြင့်စတင်လုပ်ကိုင်ခဲ့ပါသည်။ထိုသို့လုပ်ကိုင်လျက်ရှိခြင်းဖြင့်အိမ်၊ခြံ၊မြေအကျိုးဆောင်ကုမ္ပဏီအားဖွင့်လှစ်ခဲ့ပါသည်။ယခုအချိန်အထိလည်းအကျိုးအမြတ်ရနိုင်သောနေရာများတွင်ဝယ်/ရောင်းလုပ်ကိုင်နေဆဲဖြစ်ပါသည်။အိမ်၊ခြံ၊မြေရောင်း/ဝယ်/ငှားအကျိုးဆောင်လုပ်ငန်းတွင်ဝန်ထမ်းဦးရေ (၂၀) ကျော်ဖြင့်လည်ပတ်လုပ်ကိုင်လျက်ရှိပါသည်။

        အိမ်၊ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းနှင့်ပတ်သက်၍ရောင်းသူ/ဝယ်သူများအတွက်စိတ်တိုင်းကျ ဖြစ်စေရန်စိတ်ရှည်စွာမေးမြန်းပြီးရောင်းသူဖက်မှရယူလိုသောငွေပမာဏဝယ်ယူမည့်သူဖက်မှအသုံးပြုနိုင်မည့်ငွေအင်အားကိုမေးမြန်းကာလူနေထိုင်မည်လား၊စီးပွားရေးလုပ်မည်လားစသည်ဖြင့်ဝယ်ယူသူရွေးချယ်မှုအပေါ်မူတည်၍အသင့်တော်ဆုံးနေရာများအားလိုက်လံပြသပေးကာရောင်းသူနှင့်ဝယ်သူကြားအကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပေးပါသည်။၎င်းတို့နှစ်ဦးနှစ်ဖက်ဈေးညှိနှိုင်း၍ အရောင်း/အဝယ် အောင်မြင်သည့်အခါမှသာကုမ္ပဏီမှ စာချုပ်ချုပ်ဆိုပေးပါသည်။စာချုပ်အားဦးစွာပထမစရံပေးစာချုပ်ချုပ်ဆိုရပြီး၊ ငွေအကြေချေစာချုပ်အားရောင်းသူမှ စောင့်ဆိုင်းပေးသောအချိန်ကာလပေါ် မူတည်၍ထပ်မံချုပ်ဆိုရပါသည်။အကျိုးဆောင်ခများကိုမိမိတို့ကုမ္ပဏီမှ (၁၀၀၀သိန်း)ကျပ်အောက်အား(၃%)၊(၁၀၀၀သိန်း)ကျပ်အထက်အား(၂%)ဖြင့်လက်ခံဆောင်ရွက်ပေးပါသည်။မြေအမျိုးအစားအားဖြင့် ဂရံမြေ၊ပါမစ်မြေနှင့်စလစ်မြေဟူ၍ ရှိပါသည်။ဂရံမြေသည်အခွန်ပေးဆောင်ရသည်။ပါမစ်မြေတွင် အခွန်ဆောင်ရသည့်မြေနှင့်အခွန်မဆောင်ရသည့်မြေဟူ၍ (၂)မျိုးရှိပါသည်။အစိုးရဝန်ထမ်းများအားချထားပေးသည့် ပါမစ်မြေသည် အများအားဖြင့် အခွန်ဆောင်ရပါသည်။အရပ်သားများအားချပေးသည့် ပါမစ်မြေသည် အခွန်မဆောင်ရပါ။စလစ်မြေမှာမြေပေးမိန့်လျှောက်၍ရပါသည်။မြေပေးမိန့်လျှောက်ထားရာတွင်လည်းထုတ်ယူပြီးသည်အထိငွေ(၂)သိန်းကျပ် ကျသင့်ပြီးအထွေထွေကုန်ကျစရိတ်များကိုမြေပိုင်ရှင်မှပေးဆောင်ရသည်။မြေပေးမိန့်ရရှိပြီးမှသာဂရံမြေလျှောက်ထားခွင့် ရရှိနိုင်မည်ဖြစ်ပါသည်။ဂရံမြေလျှောက်ထားသည့် နှုန်းထားများကိုငွေ(၄)သိန်းကျပ်နှင့်ဂရံအမည်ပြောင်းလျှောက်ရန် ငွေ(၈)သိန်းကျပ် ကျသင့်မည်ဖြစ်ပြီးအထွေထွေကုန်ကျစရိတ်များအားမြေပိုင်ရှင်မှ ပေးဆောင်ရမည် ဖြစ်ပါသည်။ ရွာမြေနှင့်အခြားမြေများအတွက် ရောင်းသူ/ဝယ်သူနှစ်ဦးနှစ်ဖက် လက်ခံနိုင်သောသင့်လျော်မျှတသည့် အကျိုးဆောင်ခနှုန်းသာလက်ခံရယူပါသည်။

 

      ငှားရမ်းခြင်းများကိုအနည်းဆုံး (၆)လစာချုပ် (သို့မဟုတ်) (၁)နှစ်စာချုပ်ချုပ်ဆိုရပါမည်။ (၆)လစာချုပ်ချုပ်ဆိုလျှင်ငှားပေးသူနှင့်ငှားရမ်းသူနှစ်ဖက်လုံးမှတစ်လငှားရမ်းခငွေကြေး၏နှစ်ပုံတစ်ပုံနှင့်ညီမျှသောငွေပမာဏကိုအကျိုးဆောင်ခအဖြစ်ပေးရမည်ဖြစ်ပါသည်။ (၁)နှစ်စာချုပ်ချုပ်ဆိုလျှင်ငှားပေးသူနှင့်ငှားရမ်းသူနှစ်ဖက်လုံးမှ(၁) လစာနှင့်ညီမျှသောငွေပမာဏကိုအကျိုးဆောင်ခအဖြစ်ပေးဆောင်ရမည်ဖြစ်ပါသည်။

၁၁။      မိမိတို့ကုမ္ပဏီသည် Customer များ၏လိုအပ်ချက်ကိုအဓိကဦးစားပေးအနေဖြင့်ဆောင်ရွက်ပါသည်။အတတ်နိုင်ဆုံးCustomerများ၏ပြောဆိုချက်၊လိုအပ်ချက်၊ငွေအင်အားစသည်တို့ကိုသေချာချင့်ချိန်ပြီးသင့်တင့်လျောက်ပတ်လိုက်လျောညီထွေဖြစ်နိုင်သည့်အိမ်၊ခြံ၊မြေများကိုလိုက်လံပြသရှင်းပြပေးပါသည်။မိမိတို့မှာရှိနေသည့်ကုန်ကြမ်းအားရောင်းထွက်နိုင်အောင်၊ငှားရမ်းနိုင်အောင်ထက်ဝယ်ယူမည့် Customerနှင့်ငှားရမ်းမည့် Customerတို့၏လိုအပ်ချက်ကိုပိုမိုဦးစားပေးပါသည်။ Customerများသည်သာအဓိကဦးစားပေးဖြစ်ပြီး၊စိတ်မရှည်ဖြစ်လျှင်ကျဆုံးခြင်းရဲ့အစဟုစိတ်နှလုံးသွင်းထားပါသည်။မရှိကိုအရှိလုပ်၍မ‌ပြောဆိုဘဲလက်ရှိဖြစ်ပျက်နေသောအရာကိုသာအရှိအတိုင်းပြောဆိုပြီးမိမိတို့ကုမ္ပဏီပုံရိပ်မကျဆင်းရအောင် ဆောင်ရွက်ရသည်မှာ မိမိတို့တာဝန်ဖြစ်ကြောင်း နားလည်လက်ခံထားပြီး လုပ်ငန်းများ တိုးတက်သည်ထက် တိုးတက်အောင်၊ အောင်မြင်သည်ထက် အောင်မြင်အောင် ကြိုးစား ဆောင်ရွက်လျက် ရှိပါသည်။

     Customerများဘက်မှလိုအပ်နေသောပုံစံသည်မိမိတို့ကုမ္ပဏီတွင်မရှိပါကCustomer များ၏လိုအပ်ချက်များကိုဦးစားပေးကာ Customerများလိုအပ်ချက်ပြည့်ဝစေရန်သင့်လျော်သောအခြားအကျိုးဆောင်ကုမ္ပဏီများထံလိုက်လံချိတ်ဆက်ပေးခြင်း၊Customerများအားမြေကွက်နေရာများလိုက်လံပြသရာတွင်မိမိတို့ကုမ္ပဏီရှိမောက်တော်ယာဉ်များဖြင့်စေတနာအရင်းခံ၍ပို့ဆောင်ခြင်းကိုလည်းဆောင်ရွက်ပေးလျက်ရှိပါသည်။စိတ်ရှည်သည်းခံပြီးCustomerများစိတ်ကြိုက်ရှင်းပြပေးပါသည်။အကြိုက်မတွေ့လျှင်လည်းစိတ်ပျက်ကွက်မှုမဖြစ်ပေါ်ဘဲယဉ်ကျေးပျူငှာစွာဖြင့်သာဆက်ဆံပေးပါသည်။

ဈေးကွက်ရှာဖွေခြင်း(Marketing)

၁၃။ကျွန်တော်တို့ကုမ္ပဏီထံကုန်းကြမ်းများအပ်နှံနိုင်ရေးအတွက်(Marketing)ဈေးကွက်ရှာဖွေရာတွင်ချိတ်ဆက်မှုအဆင့်ဆင့်ဖြင့်လုပ်ဆောင်ရပါသည်။လမ်း၊ရပ်ကွက်၊မြို့နယ်အလိုက်၊နေရာစုံဖြန့်ကျက်၍ကွမ်းယာဆိုင်၊ဈေးဆိုင်၊ရပ်ကွက်အကျိုးဆောင်အနီးအနားရှိပတ်ဝန်းကျင်မှလူများအားတွေ့ဆုံမေးမြန်းပြီးအိမ်ပိုင်ရှင်၊မြေပိုင်ရှင်၊ခြံပိုင်ရှင်များနှင့်တွေ့ဆုံရပါသည်။ထိုသို့ပိုင်ရှင်များနှင့်တွေ့ဆုံမိတ်ဆက်ပြီးရောင်းချမည့်အကြောင်းအားမေးမြန်းပြောဆိုရပါသည်။မြေကွက်အမှတ်၊မြေအကျယ်၊မြေအမျိုးအစား၊ပိုင်ရှင်အမည်၊ဖုန်းနံပါတ်၊ဈေးနှုန်းများစသည်ဖြင့်မေးမြန်းပြောဆိုပြီးရောင်းချလိုသည့်အိမ်၊ခြံ၊မြေများအားကြည့်ရှု၍၎င်းတို့ပြောသောဈေးနှုန်းနှင့်တန်မတန်၊ညှိနှိုင်းမှုရှိမရှိပြောဆိုရပါသည်။ထို့နောက်ရောင်းချမည့်သူ(သို့) အငှားချထားမည့်သူတို့နှင့်ညှိနှိုင်းပြောဆိုမှုအဆင်ပြေစွာပြီးဆုံးမှသာ(Marketing) ဈေးကွက်ရှာဖွေခြင်းအဆင့်အောင်မြင်မှုရရှိပါသည်။

အရောင်းအဝယ်ပြုလုပ်ခြင်း

၁၄။ကုမ္ပဏီအနေဖြင့်ဝယ်ယူသူများကမိမိတို့ဝယ်လိုသည့်အိမ်၊ခြံ၊မြေအားဖုန်းဖြင့်ဖြစ်စေ၊ကုမ္ပဏီသို့လာရောက်ခြင်းဖြင့်ဖြစ်စေစုံစမ်းသည့်အခါမိမိတို့ဘက်မှစိတ်ရှည်သည်းခံစွာဖြင့်ဝယ်ယူမည့်Customerများအားလိုက်လံပြသပေးပြီး Customer များ၏စိတ်ကြိုက်ဖြစ်သောအိမ်၊ခြံ၊မြေအားမှန်ကန်သောဈေးနှုန်းဖြင့်ရောင်းချမည့်သူရောင်းလိုသည့်ဈေးနှုန်းအတိုင်းရောင်းသူနှင့်ဝယ်ယူသူအဆင်ပြေသည်အထိညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြင့်အရောင်းအဝယ်ပြုလုပ်ခြင်းအဆင့်အောင်မြင်မှုရရှိပါသည်။

နေပြည်တော် အိမ်ခြံမြေ ဝန်ဆောင်မှု ၊ ရောင်း ဝယ် ငှား 

အ ရောင်း
***********

နေပြည်တော်၊ ပျဉ်းမနားမြို့၊ အဟာရသုခဈေး အနီး တွင် ရှိသည့် 26′ x 63′ ကျယ်ဝန်းသော မြေကွက်လွတ် ရောင်းရန်ရှိသည်။

ရောင်းဈေး – 130 သိန်း

စိတ်ဝင်စားပါက ကျွန်တော်တို့ MKK သို့ လာရောက်လေ့လာ နိုင်ပါသည်ခင်ဗျာ။

အငှား
********
နေပြည်တော် မြို့ လယ်ဖြစ်သော ရွှေကြာပင်ရပ်ကွက်၊မြစ်ငယ်(၅)လမ်း၊ထောင့်ကွက်၊အနောက်လှည့်၊မြောက်လှည့်၊နှစ်ထပ်ခွဲ(RC)၊အ၀ီစိတွင်းရေမီးစုံ၊အောက်ထပ်Master Room (1)ခန်း၊ဧည့်ခန်း၊မီးဖိုခန်း၊အများသုံးToiletရေခန်းချိုးပါ၊အပေါ်ထပ်၊ဘုရားခန်း၊ရိုးရိုး(၁)ခန်း၊Master Room(2)ခန်း၊အများသုံးToiletရေချိုးခန်းပါဖြစ်ပါတယ်။

အငှားဈေးနှုန်း (10) သိန်း
**************************
စိတ်ဝင်စားပါက ကျွန်တော်တို့ MKK သို့ လာရောက်လေ့လာ နိုင်ပါသည်ခင်ဗျာ။
*****************************

မိတ်ဆွေတို့၏ အိမ်ခြံမြေများကို အမြန်ဆုံး ရောင်းဝယ်လိုလျှင်MKK သို့ ဆက်သွယ်လိုက်ပါ။

နေပြည်တော် MKK Group မှအိမ်ခြံမြေစာရင်း