News

နောက် ဆုံး ရ သတင်း- နေပြည်တော် 

 

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးသည် Bayan Tree Co.,Ltd မှ ACASYS Industrialized Building System(ACASYS IBS) နည်းပညာဖြင့် နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်နိုင်ရေးနှင့် စီမံကိန်း အဆိုပြုလွှာနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးသည့် အခမ်းအနားကို ယနေ့ နေ့လည်ပိုင်းက နေပြည်တော်မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ အဆိုပါတွေ့ဆုံပွဲကို နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦး၊ ကော်မတီဝင် ဦးဆန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ဌာနကြီးမှူး ဦးတင်အောင်ငွေ၊ ဌာနမှူးများ၊ တာဝန်ရှိသူများ၊ Bayan Tree Co.,Ltd မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ပထမဦးစွာ ဒုတိယမြို့တော်ဝန်ဦးရဲမင်းဦးမှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး Bayan Tree Co.,Ltd မှ ACASYS Industrialized Building System(ACASYS IBS) နည်းပညာဖြင့် နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်နိုင်ရေး ဆွေးနွေးတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာ သူများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြပြီး အခမ်းအနားပြီးစီးခဲ့ကြောင်းသိရှိရသည်။

 

ရန်ကုန်မိုးပျံရထားလမ်း ပထမပိုင်းကို ၂၀၂၇ ခုနှစ်တွင် အပြီးတည်ဆောက်မည်

 

 

မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် စတင်ဆောက်လုပ်မည့် ရန်ကုန်မိုးပျံရ ထားလမ်း ပထမပိုင်းကို ၂၀၂၇ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၆ရက်တွင် ပြုလုပ်သည့် ရန် ကုန်မိုးပျံရထားလမ်း စီမံကိန်း ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ရန်ကုန်မြို့ပြလူထုရထား ပို့ဆောင် ရေးစီမံကိန်း (YUMRT) ဟု အမည် ပေးထားသော ရန်ကုန် မိုးပျံရ ထားလမ်း စီမံကိန်းတွင် ရန်ကုန်မြို့ အရှေ့- အ နောက်ပိုင်းကို လှိုင်သာယာ- တောင်ဒဂုံ မြို့နယ် တိုးကြောင် က လေးနှင့် ရန်ကုန် တောင်- မြောက်ပိုင်းကို ဒလမြို့နယ်- ဘူတာကြီး-မင်္ဂလာဒုံ လေဆိပ်လမ်းပိုင်း နှစ်ခုအဖြစ် အကောင်အထည်ဖော်မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာနက ကြေညာထားပြီး ရန်ကုန်မြို့ အရှေ့- အနောက်ပိုင်းကို ဆက်သွယ် သည့် လမ်းပိုင်းအား ဦးစွာတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်း တစ်ခုလုံးအတွက် ဂျပန်နိုင်ငံအစိုးရမှ ODAချးငွေပေးအပ်သွားမည်ဖြစ် ကြောင်း၊ စီမံကိန်းအတွက်က အ သေးစိတ်လေ့လာမှုကို ၂၀၁၂ ခုနှစ်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ(JICA) ကစတင်ခဲ့ပြီး ယခုနှစ်ကုန်၌ လေ့လာမှုပြီးဆုံးမည်ဖြစ် ကြောင်း၊ ထို့ကြောင့် လာမည့် ၂၀၂၁ခုနှစ် တွင် ပထမပိုင်း တည်ဆောက်မှုကို စတင် မည်ဖြစ်ကာ လာမည့် ၂၀၃၅ခုနှစ် တွင် စီမံ ကိန်းတစ်ခုလုံး ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်……………

 

Credit. ပြည်မြန်မာ